ခရစ်တော်/ကို ရင်းနှီးကျွမ်းဝင်ခြင်း/တန်ဖိုး
3
ထို့ပြင် ညီအစ်ကို/မောင်နှမတို့… သင်တို့/အတွက် သခင်ဘုရား ပြုတော်မူသော/အမှု/ကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့/ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများ/ကို ယခု/ထပ်မံ/၍ ရေးရခြင်း/သည် ကျွန်ုပ်/အတွက် အပန်းမကြီးပေ။ မှားယွင်းသော/သွန်သင်မှု/ဘေး/မှ သင်တို့/ကို ပို/၍ ကာကွယ်/ရန် ဖြစ်၏။
2 ကိုယ်ခန္ဓာ/ကို လှီးဖြတ်တတ်သူများ/ဖြစ်သည့် အကျင့်ဆိုး/ကို ကျင့်သော ခွေးဖြစ်သူတို့/ကို သတိပြုကြလော့။ ထို/သူတို့/သည် ကယ်တင်ခံရ/ရန် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူရမည်/ဟု ပြောဆိုကြ၏။ 3 ထို/သူတို့/သည် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူထား/သောကြောင့် မိမိတို့/ကိုယ်ကိုယ် ဘုရားသခင်/၏ လူများ/ဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့/သာလျှင် ဘုရားသခင်/၏ စစ်မှန်သော/လူများ/ဖြစ်ကြ၏။ ကျွန်ုပ်တို့/သည် ဝိညာဉ်တော်/၏ အကူအညီ/ဖြင့် ဘုရားသခင်/ကို ကိုးကွယ်/၍ လူ့/အားထုတ်မှု/အပေါ် အားမကိုးဘဲ ယေရှု/ခရစ်တော် ပြုပေးသော အမှု/အပေါ် အားကိုးကြ၏။ 4 သို့သော် လူ့/အားထုတ်မှု/အပေါ် အားကိုးစရာ/လည်း ကျွန်ုပ်/တွင် ရှိ၏။ တစ်စုံတစ်ယောက်/က လူ့/အားထုတ်မှု/အပေါ် အားကိုးစရာ/ရှိသည် ဟု ဆိုပါက ကျွန်ုပ်/တွင် ပို၍/ပင် ရှိ၏။
5 ကျွန်ုပ်/သည် ရှစ်ရက်မြောက်နေ့/တွင် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူခဲ့၏။ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်/အနွယ်၊ ဟေဗြဲလူမျိုး/မှ ပေါက်ဖွားသော ဟေဗြဲလူမျိုး/အစစ် ဖြစ်၏။ ပညတ်တရား/ကို လိုက်နာသော ဖာရိရှဲ/တစ်ဦး ဖြစ်ခဲ့၏။ 6 အသင်းတော်/ကို စိတ်အားထက်သန်/စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရား/ကို လိုက်နာ/၍ ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရမည်/ဆိုလျှင် ကျွန်ုပ်/သည် အပြစ်ဆိုဖွယ်/မရှိသူ ဖြစ်၏။
7 သို့သော် ကျွန်ုပ်/ရရှိခဲ့သော အကျိုးအမြတ်/ဟူသမျှ/ကို ခရစ်တော်/အတွက်ကြောင့် အရှုံး/ဟူ၍ ယခု ကျွန်ုပ်/မှတ်ယူ၏။ 8 ထိုမျှမက ကျွန်ုပ်/၏ သခင်/ယေရှု/ခရစ်တော်/ကို ရင်းနှီး/ကျွမ်းဝင်ရခြင်း/၏ ကြီးမားသည့်/တန်ဖိုး/နှင့်/ယှဉ်/လျှင် အရာ/အားလုံး/ကို အရှုံး/ဟူ၍ မှတ်ယူ၏။ ခရစ်တော်/အတွက်/ကြောင့် အရာ/အားလုံး/ကို အရှုံးခံ/၍ ၎င်းတို့/ကို မစင်/ကဲ့သို့ မှတ်ယူ၏။ ဤ/အရာ/မှာ ခရစ်တော်/ကို ရရှိ/ရန်/နှင့် 9 ခရစ်တော်/နှင့် တပေါင်းတစည်းတည်း အသက်ရှင်/ရန် ဖြစ်၏။ ပညတ်တရား/ကို လိုက်နာခြင်း/အားဖြင့် ရရှိသော ကျွန်ုပ်/၏ ဖြောင့်မတ်ခြင်း/ကို အားမကိုးတော့ဘဲ ခရစ်တော်/ကို ယုံကြည်ခြင်း/အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း/ကိုသာ အားကိုး၏။ ထို/ဖြောင့်မတ်ခြင်း/သည် ဘုရားသခင်/သတ်မှတ်တော်မူသော/အရာ ဖြစ်ပြီး ယုံကြည်ခြင်း/ကို အခြေခံ/၍ ရရှိသော/ဖြောင့်မတ်ခြင်း ဖြစ်၏။ 10 ကျွန်ုပ်/သည် ခရစ်တော်/ကို သိကျွမ်းခြင်း၊ ခရစ်တော်/၏ ရှင်ပြန်ထမြောက်တော်မူခြင်း/တန်ခိုး/ကို ရရှိ/ခံစားခြင်း၊ ကိုယ်တော်/ကဲ့သို့ အသေခံ/၍ ကိုယ်တော်/၏ ဆင်းရဲဒုက္ခ/ကို မျှဝေ/ခံစားခြင်းတို့/ကိုသာ အလိုရှိ၏။ 11 ဤသည်/မှာ ကျွန်ုပ်/ကိုယ်တိုင် သေခြင်း/မှ ရှင်ပြန်ထမြောက်ခွင့်/ကို တစ်နည်းနည်း/ဖြင့် ရနိုင်/ရန် ဖြစ်၏။
ပန်းတိုင်/သို့ ပြေးခြင်း
12 ထိုသို့/ဆိုသော် ကျွန်ုပ်/သည် အောင်မြင်မှု/ကို ရရှိပြီ၊ ပြည့်စုံပြီ/ဟု မဆိုလိုပါ။ သို့သော် ယေရှု/ခရစ်တော်/သည် ကျွန်ုပ်/အား ထို/ပြည့်စုံခွင့်/ကို ပေး/ရန် ကျွန်ုပ်/ကို ဦးစွာ ရရှိ/ပိုင်ဆိုင်ထားသည်/ဖြစ်၍ ကျွန်ုပ်/သည်လည်း ထို/အခွင့်/ကို ရရှိ/ရန် ကြိုးပမ်းနေ၏။ 13 ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်/သည် ထို/ပြည့်စုံခွင့်/ကို ရရှိ/ပိုင်ဆိုင်ထားပြီ/ဟု မမှတ်ယူပါ။ သို့သော် ဤ/တစ်ခု/သာ ကျွန်ုပ် အာရုံပြု၏။ ကျွန်ုပ်/သည် နောက်/၌ ကျန်ရစ်ခဲ့သော/အရာများ/ကို မေ့ထား/၍ ရှေ့/၌ ရှိသော/အရာများ/ထံ ဦးတည်/အားစိုက်/ကာ 14 ဆု/ကို ရရှိ/ရန် ပန်းတိုင်/သို့ ကြိုးပမ်း/၍ ပြေး၏။ ထို/ဆု/သည် ယေရှု/ခရစ်တော်/ပြုခဲ့သော/အမှု/အားဖြင့် ကျွန်ုပ်/ကို အထက်/အရပ်/သို့ ဘုရားသခင်/ခေါ်ဖိတ်တော်မူခြင်း/ဆု ဖြစ်၏။
15 ထို့ကြောင့် ဝိညာဉ်ရေးရာ/၌ ရင့်ကျက်သော ကျွန်ုပ်တို့/အားလုံး/သည် ဤ/စိတ်သဘောထား/မျိုး ရှိ/သင့်၏။ အကယ်၍ အချို့သော/အကြောင်းအရာများ/၌ မတူညီသော/စိတ်သဘောထား/ရှိလျှင် ဘုရားသခင်/သည် ရှင်းလင်း/ဖော်ပြတော်မူ/လိမ့်မည်။ 16 မည်သို့ပင်/ဖြစ်စေ ကျွန်ုပ်တို့/သည် မိမိတို့ ရောက်ရှိ/နေသည့်/အခြေအနေ/နှင့်/အညီ သင့်လျော်/စွာ နေထိုင်ကြပါစို့။
17 ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်/ကို အတုယူရာ/တွင် အချင်းချင်း ပူးပေါင်း/ပါဝင်ကြလော့။ ကျွန်ုပ်တို့/ပြသော စံနမူနာ/အတိုင်း ပြုမူ/နေထိုင်ကြသော/သူတို့/ကို ကြည့်ရှု/လေ့လာကြလော့။ 18 ယခင်က သင်တို့/ကို ကျွန်ုပ် မကြာခဏ ပြော/သကဲ့သို့ ယခု/လည်း မျက်ရည်ကျ/လျက် ထပ်မံ/ပြောလိုသည်/မှာ လူများစွာတို့/သည် လက်ဝါးကပ်တိုင်/၌ ခရစ်တော်/အသေခံတော်မူခြင်း/၏ အဓိပ္ပာယ်/ကို မိမိတို့/၏ ပြုမူ/နေထိုင်ပုံ/ဖြင့် ဖျက်ဆီး/လျက်/ရှိကြောင်း ဖြစ်၏။ 19 ထိုသူတို့/၏ နိဂုံး/သည် ပျက်စီးခြင်း ဖြစ်၏။ သူတို့/၏ ဘုရား/သည် သူတို့/၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့/ပြုသော ရှက်ဖွယ်/အရာ/ကို ဂုဏ်ယူ/ဝင့်ကြွားကြ၏။ သူတို့/သည် လောကီရေးရာ/ကိုသာ စွဲလမ်းကြ၏။ 20 သို့သော် ကျွန်ုပ်တို့/သည် ကောင်းကင်/နိုင်ငံသားများ/ဖြစ်ကြပြီး ထို/ကောင်းကင်ဘုံ/မှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်/ယေရှု/ခရစ်တော်/ကို စောင့်မျှော်နေကြ၏။ 21 ကိုယ်တော်/သည် အရာ/အားလုံး/ကို မိမိ/အာဏာစက်/အောက်/၌ ထားနိုင်စွမ်း/ရှိသော/တန်ခိုး/အားဖြင့် ကျွန်ုပ်တို့/၏ လူ့/ကိုယ်ခန္ဓာ/ကို မိမိ/၏ ဘုန်းအသရေ/နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ/နှင့် တူ/စေရန် ပြောင်းလဲတော်မူ/လိမ့်မည်။